လိပ်စာ
“………………………………………………………..”
“……………………………………………….”
“………………………………”
“……………………………………………………………………..”
“ဟုတ်လား…ကျနော်သူနဲ့ တွေ့ ခဲ့တယ်။ တကားတည်းပဲ”
“ဟာ! ဒါဆို လုပ်စမ်းပါဦး။ သူဘယ်မှာ တည်းမယ်ဆိုတာ နင်သိလား။”
“အင်း။ သိတယ်၊သိတယ်။ တက်စီ ငှားခါနီးတုန်းက သူ (……..)မှာ တည်းမယ်လို့ ပြောတာပဲ။ ရေချိုးပြီးတာနဲ့  ကျနော် သားသားကို ခေါ်ပြီး သူ့ ဆီသွားကြည့်လိုက်မယ်။”
*******
ဦးလေးနဲ့ ကျနော် ဘုန်းဘုန်းကို ဦးချလိုက်တယ်။ (ဘုန်းဘုန်းကိုတော့ ကျနော်တို့ မသိပါ။) ပြီးတော့ ဦးလေးက ဘုန်းဘုန်းကို လျှောက်တယ်။
“တပည့်တော် ဆင်ပေါက်နဲ့ တွေ့ ချင်လို့ ပါဘုရား”
“ဆင်ပေါက်??????? လူကိုပြောတာလား ဒကာကြီး”
“ဟုတ်ပါတယ် ဘုရား။ မြို့ သစ်ကပါ။ သူ့ နာမည်ရင်းက ကိုတင်အောင်စိုးပါ။ ဒါပေမယ့် ဆင်ပေါက်လို့ ပဲ ခေါ်ကြပါတယ်။
“တင်အောင်စိုး??? ဒီကိုမလာပါဘူး။ သူက ဒီမှာ တည်းမယ်လို့ ပြောသွားလို့ လား။”
“တင်ပါ့။ သရက်တောကျောင်းမှာ တည်းမယ်လို့ ပြောပါတယ်”
“ဟာ….သရက်တော ကျောင်းတိုက်က ကျောင်းခွဲပေါင်း ခြောက်ဆယ်ကျော် ရှိတာ ဒကာကြီးရဲ့ ။ သူဘယ်ကျောင်းခွဲမှာ တည်းမယ်လို့ ပြောတုန်း”
“ဟာ…ဟုတ်လား၊ဘုရား။ တပည့်တော်က တကျောင်းတည်းပဲ ထင်နေတာ။ ဒုက္ခပါပဲ”
အနီးနား တဝိုက်မှာ ရှိတဲ့ ကိုရင်တွေနဲ့ လူတွေက ကျနော်တို့ ကို ပြုံးစေ့စေ့နဲ့ ကြည့်ကြတယ်။
ကိစ္စက အရေးကြီးလို့ ဦးလေးက လက်တော့ မလျှော့သေးပါဘူး။ သရက်တော ကျောင်းတိုက်ဝင်းကြီးထဲမှာ လျှောက်သွားရင်း တွေ့ တဲ့ ကိုရင် တချို့ ကို ကိုတင်အောင်စိုးကို သိလား ဆိုပြီးမေးနေပါသေးတယ်။ အမေးခံရတဲ့ ကိုရင်တွေလည်း ပြုံးစေ့ပြုံးစေ့။ ကျနော်ကတော့ ဘေးနားကနေ ရှက်နေပြီ။ ဆက်မမေးစေချင်တော့ဘူး။ အိမ်ပြန်ချင်နေပြီ။
နောက်ဆုံးတော့ သရက်တော ကျောင်းတိုက်ဝင်းရဲ့  ဂိတ်တခုနားက ခုံတန်းလျားမှာ ထိုင်ကြရင်း ညမှောင်သည်အထိ ကိုဆင်ပေါက် ဝင်လာလို ဝင်လာငြား ဦးလေးနဲ့ ကျနော် စောင့်ကြည့်ကြသေးတယ်။ ကျောင်းတိုက်ဝင်းကြီးရဲ့ ဂိတ်ရှေ့ မှာ ….ကျနော်တို့ ရဲ့  ကောက်ရိုးမျှင်မျှော်လင့်ချက် ဆိုတဲ့ အပ်နဲ့  ကိုဆင်ပေါက် ဆိုတဲ့ အပ်…..အပ် နှစ်စင်း မထိလိုက်ပါဘူး။ ကိုဆင်ပေါက်ကို ကျနော်တို့ မတွေ့ ခဲ့ရပါဘူး။ အဲဒီ့ညက အိမ်ကနေ လည်ပင်းတရှည်ရှည်နဲ့  မျှော်နေခဲ့တဲ့ အမေ့ရဲ့ဆန္ဒကို ကျနော်တို့ မဖြည့်ဆည်းပေးနိုင်ခဲ့ပါဘူး။
ကောင်းကင်ကို
ယောဆရာ ဓမ္မဂင်္ဂါနဲ့ မနက်ဖြန်
2 days ago
11 comments:
ဒိုင်ယာရီရေးထားတာလား
မျှော်လင့်ချက် က ကြီးမားတယ်။
ရိုးသားမှု က မြင့်မားတယ်။
မေတ္တာ က ဖြူစင်တယ်။
လိပ်စာနှင့် ဆက်သွယ်ရေးကရိယာတွေက အားနည်းလစ်ဟာတယ်။
ဒါပေမယ့် ပြောချင်တာကို နားလည်တဲ့ အခါမှာတော့ ၀မ်းနည်းရတယ်။ ဘာလို့ လွဲနေကြတာလဲ။ ဒိုင်ယာရီစာမျက်နှာထဲမှာပဲလား။
ဆေးရုံကြီးနား က သ၇က်တောကျောင်းတိုက်..
ကျောင်းတိုက်နဲ့ နီးတဲ့ ဆေးရုံကြီး
ဆေးရုံကြီးအနားက ကတ္တီပါ မျက်ခင်း...
ကတ္တီပါ မျက်ခင်းပေါ်က လူတွေ
အဲဒီလူတွေ ဆေးရုံကြီးထဲ ရောက်သွားတယ်...
လမ်းပေါ်မှာတော့ နီရဲနေတာပဲ....
(ပြက္ခဒိန်ပေါ်က တလွဲများ...၁၉၈၈....၈...၈.....)
ရေးတတ်၇င် စာဖြစ်သလားဗျ..?
ကိုဆင်ပေါက်ကိုဝိုင်းရှာပေးပါ့မယ်
“ဆင်ပေါက်???????"
"လူကိုပြောတာလား ဒကာကြီး”
ဘုန်းဘုန်းမျက်နှာကို မြင်ယောက်ပြီး ရယ်မိသေးတယ်...
အလွဲတွေ ဆက်ပါအုံး...
းဝ)
ဖြစ်တတ်ပါတယ် အကိုရေ :)
ကိုကောင်းကင်ကိုရေ Sweet December မှာ ပျော်ရွှင်ချိုမြိန်ပါစေဗျာ။
ချမ်းလင်းနေ
www.chanlinnay.blogspot.com
အင်း ဖတ်သွားပါတယ်
ဆေးရုံကြီးနားက သရက်တောကျောင်းတိုက် အဲဒီကျောင်းတိုက်က ၈၈၈၈ ကာလတုံးက တပ်မတော်ကြည်းနဲ့  လေတပ်က ပြည်သူ့ ဘက်ကို ကူးပြောင်းလာတဲ့ စစ်သည်တွေနဲ့  ဒီမိုကရေစီအတွက် အသေခံရင်ဆိုင်တိုက်ပွဲဝင်ဖို့  ပြင်ဆင်ထားတဲ့ မြန်မာပြည်က အထက်တန်းကျောင်းသားလူငယ်များရဲ့ ပင်မစခန်းကြီး။ ကျောင်းတိုက်နဲ့ နီးတဲ့ ဆေးရုံကြီး
ဆေးရုံကြီးအနားက ကတ္တီပါ မျက်ခင်း...
ကတ္တီပါ မျက်ခင်းပေါ်က လူတွေ
အဲဒီလူတွေ ဆေးရုံကြီးထဲ ရောက်သွားတယ်....) ဆေးရုံကြီးထဲရောက်သွားသူများထဲက မှတ်တမ်းမဲ့ သေတမ်းစာမဲ့ ပျောက်သွားသူများရဲ့ စာရင်းကလဲ
လူဝင်မှုကြီးကြပ်ရေး မှာ တရားဝင် စာရင်းဇယားနဲ့  မှတ်တမ်းမလုပ်ရသေး။ တခါ ထပ်ပြောရရင် မှတ်တမ်းမဲ့ 
ပျောက်သွားတဲ့ သရက်တောကျောင်းတိုက်က သင်္ကန်းဆီး ၇ဟန်းတွေတောင် ဘယ်နှစ်ယောက်ရှိမှန်း မြန်မာပြည်မှာ ဘယ်သူမှ မသိကြပါဘူး ဆင်ပေါက်က ဘယ်လိုလူလဲ ဆင်ပေါက်က အရပ်သားလား စစ်သားလား ကြည်တပ်က စစ်သားလား လေတပ်ကလား လေတပ်တောင် မှော်ဘီကလား။ မ၈င်္လာဒုံကလား အရပ်သားလား။ ကျောင်းသားလား အင်းစိန် ဂျီတီအိုင်ကလား။ အင်အိုင်ဒီဖက်ဖ်လို့ ခေါ်ကြတဲ့ ကျောင်းသားအဖွဲ့ ကလား။
Anonymous said...မေးသလို ကဗျာဆရာက ရေးတတ်လို့ စာဖြစ်တာတော့ ဖြစ်မယ်မထင်ပါဘူး မေးတဲ့သူ Anonymous က ဘာကြောင့် ဒီလိုမေးတယ်ဆိုတာ ကိုယ့်ဖါသာ ကိုယ်သိမှာပေါ့။
ကြားထဲက ဖြေတဲ့လူ ကျုပ်ကလဲ သိနေတယ်လေ..
ဒါကြောင့် ၀င်ပြီး အဖြေပေးလိုက်တာပါ။ ကောင်းကင်ကိုကလဲ ကြောင်တောင်တောင်နဲ့  ကိုဆင်ပေါက်ဆိုတဲ့ လူကို တရေးနိုး ထမရှာလောက်ပါဘူး
အဲဒါတွေကို သိတဲ့လူတယောက်ဘဲကျန်တော့တယ် တယောက်ထဲရှိတယ် ဆူးလေဘိုးဘိုးကြီး
သူ့ ကိုဘဲ သွားမေးတော့
November 27, 2009 9:32 PM
I am not happy as you make censer of our comment and this is not the freedom of expression. If you want to be really freedom of expression, you should not do like this.
Post a Comment