ငယ်ဘဝရဲ့ ပျားရည်တစက်
တခုသော ခရစ္စမတ်မနက်မှာ
ကျနော် စောစောအနိုး
ခြေရင်းမှာ လက်ဆောင် မတွေ့ လို့  အိပ်မက်လေးအကျိုး
ဈေးကပြန်လာတဲ့ မေမေက
တိုးတိုးလေးချော့ပြီး ပြန်အိပ်ခိုင်းတယ်။
စန်တာကလော့စ် နောက်ကျနေတာ ဖြစ်မှာပါတဲ့
ဒီလိုနဲ့ ကျနော် မျက်လုံးလေးပြန်မှိတ်
စိတ်ကတော့
မေမေ အရုပ်တရုပ်ကို တိတ်တိတ်လေး လာထားသွားတာ သိလိုက်တယ်။
သြော်
ကလေးဘဝတုန်းက ကလေးလိုပျော်နိုင်အောင် မေမေက ဖန်တီးပေးခဲ့တယ်။
လူကြီးဘဝကျ လူကြီးလိုပျော်အောင် ကြိတ်မှိတ်ဖန်တီးယူနေရတယ်။
မေမေရေ
ခရစ္စမတ်က သဘောင်္တစီးဆိုရင်
သားတို့ က တနှစ်မှတခါ ကမ်းကပ်ခွင့်ရတတ်တဲ့ သဘောင်္သားလေးတွေပါ။
အခုတော့
စန်တာကလော့စ် တကယ်မရှိမှန်းလည်း သိပြီ။
ခရစ္စမတ်ကာလဆိုတာ နှစ်သစ်မှာ တနှစ်ပတ်လုံး အလုပ်လုပ်ဖို့ 
ခဏအားဖြည့်ခွင့်ပြုထားတဲ့ အချိန်ဇယားလေးတခုမှန်းလည်းသိပြီ။
မေမေရေ…တခါတခါ
သိခြင်းက အရိပ်ကို မပေးစွမ်းဘူး
အမှန်တရားက မေတ္တာလိုမအေးချမ်းဘူး
မေမေရေ
ခရစ္စမတ်မှာပျော်ဖို့ …တွက်ချက်နေရတဲ့သား
စားပွဲပေါ်မျက်နှာအပ်လို့ မျက်လုံးလေးကို အမှိတ်
မောပန်းနေတဲ့စိတ်ထဲ
ခွန်အားတွေ တိတ်တိတ်ကလေး လာထည့်ပေးပါ။
ကောင်းကင်ကို
ယောဆရာ ဓမ္မဂင်္ဂါနဲ့ မနက်ဖြန်
2 days ago
16 comments:
ပျော်စရာ ခရစ်စမတ်လေးဖြစ်ပါစေ သူငယ်ချင်းရေ..
ငါတို့က တစ်နှစ်မှ တစ်ခါ ကမ်းကပ်ခွင့်ရှိတဲ့သူတွေကိုးးး
အမေ့ကိုသတိရသွားတယ်..ကိုယ့်ဘာသာ လူပ်ရှားရုန်းကန်ရတိုင်း..မောတယ်ဟာ..
ခံစားချက်ချင်း ထပ်မိလို့ ကဗျာလေး ကူးယူသွားပါတယ် ။ သူငယ်ချင်းတွေဆီ လက်ဆင့်ကမ်းခွင့်ပြုပါ ။ ကဗျာရေးသူ နာမည်ကို မေ့ချန် မထားခဲ့ပါဘူး ။ မျက်စိလည်ရင်း လည်လည် ရောက်ခဲ့ပါတယ် ။ ဒီ ကျွန်းလေးကို ခနတာ အလည်ရောက်လာရသူပါ ။
မေမေက ခရစ်စမတ်မှာပျော်ဖို့တင် မကပါဘူး။ တစ်ဘ၀လုံးပျော်ရွှင်နေစေချင်လို့ အမြဲခွန်အားတွေပေးနေမှာပါဗျာ။
ခရစ်စမတ်မှာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးရင် ကျန်တဲ့အချိန်တွေ မပါသလိုဖြစ်သွားမှာ စိုးလို့။ မြန်မာဆန်ဆန် ဆုတောင်းပေးခဲ့တယ် ဆရာကောင်းရေ။ ကံအကျိုးပေးသလောက် ကံကောင်းခွင့်ရပါစေဗျာ။း)
ခရစ်စမတ် ကဗျာ ခံစားသွားတယ်ဗျာ...
ပျော်ရွှင်ဖွယ် ခရစ္စမတ်လေး ဖြစ်ပါစေ အကိုရေ။
ကဗျာလေး အရမ်းကြိုက်သွားတယ်။
ပျော်စရာ ခရစ်စမတ်ပါဗျာ .. ကဗျာလေးလာဖတ်ပါတယ်။
ကမ်းမမြင် လမ်းမမြင်တဲ့
ပင်လယ်ပြင်ကြီးရဲ့ အလယ်မှာ
တစ်ယောက်ထဲသာ ရွှက်လွှင့်နေစဲ ....
ဘယ်ဆီရောက်လို ဘယ်ဆီပေါက်မှန်း
မာယာကြွယ် လှိုင်းကြမ်းပြင်မှာ
မိသားစုဆိပ်ကမ်းလေကို ....
အစ်ကိုရေ..
ကျွန်တော်လည်း တစ်နှစ်တစ်ခါ
ကမ်းကိုသာ ကပ်ခွင့်ရမယ်ဆိုရင်
.. . . . . . . . . . . . .
.. . . . . . . . . . . . .
. .. . . . .. . . .. . . .။
အစ်ကိုရေ....
ခရစ်စမတ်မှာ ပျော်ရွှင်ပါစေနော်......
ခရစ်စမတ်ကဗျာလေးကအရမ်းကောင်းပါတယ် . . .
အရမ်းလဲခံစားသွားရပါတယ် . . .
လွမ်းသွားတယ်။ Marry Christmas ပါ
ကိုကောင်း။
Merry X'Mas ပါ ညီရေ့
လူတွေက Marry Christmas ဆိုတော့ အဲဒီအတိုင်းလို့ ဘဲ ပြောလိုက်ပါတယ် ကောင်းကင်ကို ။
ကောင်းလိုက်တာဗျာ..နောက်ကြမှာ လာဖတ်ဖြစ်တဲ့ အတွက် ဆုတောင်းမပေးနိုင်တာ ခွင့်လွှတ်နော် အစ်ကို...
ပျော်ရွှင်ပါစေဗျာ..
Hi my brother,
thanks for ur poem..I cried upon reading it...I miss my mum who is away from me....at most of time...
မေမေ့ကိုတောင်လွမ်းသွားတယ်ဗျာ
ကူးသွားပါတယ်
Regards :-
Infofreakz
စားပွဲပေါ်မျက်နှာအပ်လို့ မျက်လုံးလေးကို အမှိတ် မောပန်းနေတဲ့စိတ်ထဲ ခွန်အားတွေ တိတ်တိတ်ကလေးလာထည့်ပေးပါ ဆိုတဲ့အပိုဒ်လေးရောက်တော့ မျက်ရည်ဝိုင်းလာတယ် ကဗျာဆရာက လူတွေကို ငိုအောင်ရီအောင်လည်း လုပ်တတ်တယ်နော်။
Post a Comment