Friday, January 1, 2010

မရှိခိုက်

တညတာ ပျော်စရာကမ္ဘာရောက်အောင်
ငါ့မှာ ဒေါ်လာတရာလောက်တောင် မရှိ။

မသိမသာ ရင်ခုန်ဖို့ 
ကြည့်စရာ ရင်တစုံလည်းမရှိ။

အကြားအာရုံနဲ အားလေးတွေယူဖို့ 
စကားကဗျာစုံနဲ့ အားပေးနေသူလည်းမရှိ။

ဂျော်နီဝါးကားတံဆိပ်အရက်နဲ့ 
တော်ကီများပွါး နှိပ်စက်မယ့် သူငယ်ချင်းလည်းမရှိ။

ဆာလောင်မှုကိုဖြည့်ဆည်းနေခိုက်ဟာ
လူ့ ဘဝရဲ့ အထွတ်အထိပ် အရသာတဲ့။

အာရုံသာရှိပြီး
အသပြာပုံ မရှိခြင်းနဲ့ 

အကုန်ရတာသိပြီး
သုညသာရှိခြင်းကတော့

အခံရ အခက်ဆုံး ကာလပဲ။

ကောင်းကင်ကို

15 comments:

ကျော်ညိုသွေး said...

လာမပြောနဲ့ ...
ငိုချပစ်လိုက်မှာ :(

သွယ်လင်းဆက် said...

သုညတွေကို အနောက်မှာထားနိုင်ဖို့ဆုတောင်းပေးရင်း နှစ်သစ်မှာ ကိုကောင်းကင်ကိုပျော်ရွှင်ပါစေဗျာ။

ကိုရင်နော်ခင်လေးငယ် said...

နီးနီးရှိရင်ကောင်းသား ဂျော်နီဝါးကားလေး ဆွဲလာပါတယ်း))

Hap Hap Happpy Newww Yearrrr..!!!

နွေဆူးလင်္ကာ said...

ဂျော်နီလမ်းလျှောက်ပါရင်တော့ တော်ကီလာပွားပါတယ်ဗျာ။

Mhu Darye said...

ha ha ha ကဗျာလေးက စိတ်ရွှင်သွား တာပဲ

ဒါနဲ့ မင်္ဂလာ အပေါင်း ခညောင်းတဲ့ နှစ်သစ် ၂၀၁၀ ဖြစ်ပါစေရှင် :)

win latt said...

တစ်ညတာ ပျော်စရာကမ္ဘာမှာ
မတော်တာ မပျော်ချင်စမ်းပါနဲ့...
မသိမသာရင်ခုန်ဖို့အရေး
ကလိစရာ ကောင်မလေးတစ်ယောက်ကြောင့်
အသပြာကုန်ပေါက်လမ်း
မဖေါက်ချင်စမ်းပါနဲ့....
ဂျော်နီလမ်းလျှောက်နဲ့
အရမ်းပေါက်နေရင်
အသဲခြောက်လာမှာမို့
မသောက်ချင်စမ်းပါနဲ့...
၂၀၁၀ အနာဂတ်
ကမ္ဘာမပတ်ချင်ဘူးလား?
မင်္ဂလာနေ့ကောင်းလေးတွေ
ကိုကောင်းကင်ကို အတွက်
ဆုတောင်းပေးနေပါတယ်....။

blueskyforest said...

ံ HAPPY NEW YEAR !

kthura said...

ကဗျာအရမ်း လန်းတယ် ဗျာ။ :D

linnaryone said...

မရှိတာတွေအတော်များနေပြီထင်တယ်.. ကဗျာဆရာတောင် ဘယ်ရှိမှန်းမသိတော့ဘူး ...

peter kyaw said...

မင်္ဂလာနှစ်သစ်ပါ ကောင်းကင်ကြီးရေ...
လင်းလက်၊ ထက်မြက်တဲ့ စကားလုံးတွေနဲ့ 
ထာဝရရှင်သန်နေပါစေသော်ဝ်....

hmwe said...

ဘယ်လို ဖြစ်ရတာလဲ ကဗျာဆရာ ရယ်
လခ က မဝင်သေးဖူးလား

စကားမစပ် ပိုက်ဆံမကုန်ဘဲ သူငယ်ချင်းတွေနဲ့ သွားလို့ တော့ရပါတယ်
ရေသောက်ပြီးမူးရတာလဲ မဆိုးပါဘူး
Ha Ha Ha

ကောင်းမွန်ဝင်း said...

ကုမဏီတစ်ခုကို ခန့်ခွဲစီမံ
အကြံဥာဏ်က သူဌေးလေ
ဂျပန်ကနေ ကုန်ပို့ကုန်သွင်း
အရင်းအနှီးက ကုဋေချီ
အပြည်ပြည်နဲ့ ဆက်သွယ်
ယှက်နွယ်တဲ့ ကွန်ယက်သုံး
တနေ့လုံးရုံးမှာ ပင်ပန်း
အိမ်ပြန်လမ်းရထားပေါ်
ကျွန်မ စိတ်ကူးဆန်းများ
တစ်ယေက်ထဲလားမှတ်တယ်
သြော် “မရှိခိုက်” မှာ
ကောင်းကင်ကို လည်း
ဒီလိုပဲ ကိုး။
ပုထုဇနော ဥမ္မာ့တကော
ရူးတယ်ပဲပြောပြော။
မရှိဘူး မရှိဘူး နဲ့၊ စိတ်ကူးက ယဉ်၊
ဝါကာ နဲ့ တော့ မူးလိုက်ချင်သေး။
ရူပါနွဲ့ ချော့ ပူးလိုက်ချင်သေး။
အသာပြာ ထဲ့ ဆော့ မြူးလိုက်ချင်သေး။
အတွေး အတွေး အတွေး။
(ရေအေးလေးတစ်ခွက်သောက် ပြီး အိပ်လိုက်တော့မယ်)
း))းЪ

Mai's Corner said...

အရမ်းကြိုက်...

Nee said...

လူကြုံနဲ့ လဖက်ခြောက် တကျပ်ဖိုးဝယ်ပို့ပေးလိုက်မယ် ရေနွေးကျိုသောက်လို့ရအောင်။

ကလေးလေး said...

ဦးကိုယေ လျှော့သောက်(ခါးပတ်)